ထိုင်းနိုင်ငံ၊ရနောင်မြို့ တွင် မြန်မာအလုပ်သမားလူငယ်အများစုဖြင့်ဖွဲ့ စည်းတည်ထောင်ထားသောပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့ (၃) နှစ်ပြည့်အထိမ်းအမှတ် ရေစက်ချကုသိုလ်ပြုအခမ်းအနား ၊ ရဟန်းခံ ၊ ရှင်ပြုပွဲ နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်ပွဲ အခမ်းအနားအာ ရနောင်းမြို့ ၊ ၀မ်ဒါန်းဘုန်းတော်ကြီးကျောင်းတွင် ၂၄ ၊ ၁၁ ၊ ၂၀၁၁ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ရာ ဒေသတွင်း အင်ဂျီအို ၊ စီဘီအိုအဖွဲ့ များ ၊ မြန်မာစာသင်ကျောင်းများမှ ဆရာ၊ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ၊ ဖိတ်ကြားထားသော လူပရိတ်သတ်များ အပါအ၀င် အင်အား စုစုပေါင်း (၆၀၀) ကျော် တက်ရောက်ခဲ့ ကြပါသည် ။ အခမ်းအနားသို့  ကော့သောင့်ခရိုင် သံဃာနယက အဖွဲ့ ဥက္ကဌဆရာတော် ၊ အတွင်းရေးမှုးဆရာတော် အပါအ၀င် ဆရာတော် (၅)ပါး ရနောင်းခရိုင်သံဃာနယက အဖွဲ့ ဥက္ကဌဆရာတော် ၊ အတွင်းရေးမှုးဆရာတော်အပါအ၀င် ပင့်သံဃာ (၂၃) ပါး တက်ရောက်ချီးမြင့်ပေးကြပါသည် ။
အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ပက်သက်ပြီး အဖွဲ့ ဥက္ကဌ ကိုဟိန်ထက်မှ " ဒီပွဲက နှစ်တိုင်းပြုလုပ်နေတဲ့ နှစ်ပြည့်အခမ်းအနားပါ၊ အဖွဲ့ ပဓာန ဆရာတော် အရှင်ဇ၀န ကတော့ နှစ်တိုင်းဒီအချိန် ကြွလာပြီး အမြဲ သြ၀ါဒပေးတယ် ၊ ဒီနှစ်ကတော့ ဆရာတော်လည်း တခြားတရားပွဲ တွေတိုက်နေတာနဲ့ မလာဖြစ်တော့ဘူး ဒါပေမဲ့ ဖြစ်မြောက်အောင်ပြုလုပ်ဖို့  ဆိုတာတော့ သြ၀ါဒပေးလိုက်တယ် ၊ နောက်တခုက ဒီဘက် နေရာက ဘာသာရေးနဲ့ ပက်သက်ပြိး ကလေးလေးတွေကသိရှိမှု အရမ်းအား နည်းသွားပြီ ၊ ဒါလေးကိုလည်း ကိုနိုင်သလောက် လုပ်ချင်တာနဲ့  ရနောင်မြို့ တွင်းမှာရှိတဲ့ မြန်မာစာသင်ကျောင်းလေးတွေက ကလေး ၄၆ ဦးကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းလေးလုပ်ဖြစ်သွားတယ် ၊ ဘာသာရေးအပြင် ကလေးတွေသိသင့်သိထိုက်တဲ့  လူမှုဆက်ဆံရေး ၊ လူ့ အခွင့်အရေး ၊ တိုင်းပြည်ချစ်စိတ် ၊လူမျိုးချစ်စိတ် လေးတွေရှိလာအောင် သင်ကြားပေးတယ် ၊ လိုအပ်ချက် လေးတွေ ရှိပေမဲ့ အားလုံးအောင်မြင်ပါတယ်ဟု " အခမ်းအနားနှင့်ပက်သက်ပြီး သူ၏ခံစားချက်များကို ရင်ဖွင့်သွားခဲ့ ပြီး အဖွဲ့  ဒုဥက္ကဌ ဖြစ်သူ ကိုမောင်မှ"အားလုံးရဲ့  စုပေါင်းအားနဲ့ အခုလိုမျိုးကြီးကျယ်ခမ်းနားတဲ့ ပွဲတပွဲ ကို သူများနိုင်ငံမှာ လုပ်ရတာဆိုတော့ အရမ်းပျော်တယ် ၊ ကလေး ၊ မိဘ ၊ ဆရာ တွေအပါအ၀င် အားလုံးကလည်း ပျော်သွားကြတာကို တွေ့ လိုက်ရတော့ ပြောမပြေနိုင် လောက်အောင် ၀မ်းသာပါတယ် " ဟု ပြောဆိုသွားပါသည် ။ ကိုဖြိုး (ဒု ဥက္ကဌ) မှလည်း " တိုင်းတပါးမှ အခုလိုမျိုးလုပ်ခွင့်ရတော့ ပျော်တယ် ၊ နောက်တခုက ဒီပွဲ အောင်မြင်ရခြင်း သော့ချက်က လူငယ်လေးတွေရဲ့ စုစည်းမှုအားကို ပြလိုက်တာဘဲ့ လေ "ဟု ပြောဆိုသွားခဲ့ ပါသည် ။
ထိုအခမ်းအနားတွင် ထိုင်းနိုင်ငံ ရေးဘေးဒုက္ခသည်များအတွက် အလှူခံဌာန တခုဖွင့်လှစ်ပြီး အလှူခံခဲ့ ရာ စားစရာ ကား(၁)စီးစာ ၊ ငွေသား ၂၂၃၆၄ ဘတ်တိတိအား ရနောင်းမြို့ ဝမ်ဒါန်းဘုန်တော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် မှတဆင့် ရေဘေးဒုက္ခသည်များဆီသို့ ပေးပို့ လှူဒါန်းနိုင်ခဲ့ ပါကြောင်းသတင်း ရရှိပါသည် ။