အဖွဲ့  ပေါ်ပေါက်လာပုံ သမိုင်းကြောင်း

                  ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့  (ရနောင်းမြို့ ) ပေါ်ပေါက်လာပုံ သမိုင်းကြောင်း

            ထိုင်းနိင်ငံ ၊ ရနောင်းမြို့ တွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၅ သောင်းကျော်ခန့်  နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိပြီး အများစုမှာ တနသာင်္ရီတိုင်းဒေသကြီးမှ ဖြစ်ကာ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ်နှင့် အခြားဒေသမျိုးစုံမှ မြန်မာတိုင်းရင်းသား မြောက်များစွာ လာရောက် အလုပ်လုပ်ကိုင် လျက်ရှိကြပါသည်။အလုပ်သမား အများစု အလုပ်လုပ်ကိုင်လျက်ရှိကြသောလုပ်ငန်းများမှာ 
အအေးခန်းစက်ရုံများ ၊ ငါးပုံးအသင်းလုပ်ငန်းများ ၊ လှေလုပ်ငန်းများ ၊ ပန်ရံလုပ်ငန်းများနှင့် ရော်ဘာခြံ လုပ်ငန်းများ စသည့်ဖြင့် လုပ်ငန်းမျိုးစုံတွင် ၀င်ရောက် လုပ်ကိုင်စားသောက်လျက်ရှိပါသည်။

                       မြန်မာရွှေ့ ပြောင်းအလုပ်သမားများစုသည် မြန်မာနိုင်ငံသားအချင်းချင်း ဖြစ်ကြသော်လည်း
ရခိုင် ၊ ထားဝယ် ၊ မွန် ၊ ဗမာ စသည့် ခွဲ့ ခြားဆက်ဆံမှု့ များစွာဖြင့် လူမျိုးစုတစ်ခုနှင့်တစ်ခုကြား စုစည်းညီညွတ်မှု မရှိခြင်း ၊ ရွှေ့ပြောင်းအလုပ်သမားများစုဖြင့်သော လူငယ်များအကြား လူမှုရေး ၊ဘာသာရေးလုပ်ဆောင်မှုများ အားနည်းခြင်းနှင့် မှုးယစ်ဆေးဝါးများ သုံးစွဲ ကာ လမ်းမှားရောက်နေကြခြင်း
စသည့် အချင်းအရာများကို တွေ့ မြင်ခဲ့ရသော မောင်ဟိန်းထက်အောင် (ခ)သူရစိုး (လက်ရှိ အဖွဲ့  ဥက္ကဌ)မှ လူငယ်အများ အလုပ်လုပ်ကိုင်လျက်ရှိသော အထက်ဖော်ပြပါလုပ်ငန်း နယ်ပယ်အသီးသီးရှိ လူငယ်များအား
လိုက်လံပြောဆို စည်းရုံးလုပ်ဆောင်ခဲ့ပြီး ၂၇ ၊ ၉ ၊ ၂၀၀၉ ခုနှစ်တွင် အဖွဲ့ အားရည်ရွယ်ချက် (၃)ခုအား ချမှတ်အကောင်းအထည်ဖော် လုပ်ဆောင်ခဲ့ ပါသည်။

0 comments:

Post a Comment

 
အသေးစိတ် ထပ်မံဖြည့်စွက်ပါဦးမည်..