ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့(ရနောင်းမြို့)စာကြည့်တိုက်
ရည်ရွယ်ချက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြား အသိပညာ ၊ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍
ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ ၏လုပ်ငန်းစဉ် တခုဖြစ် ဖွဲ့ စည်းလုပ်ဆောင် ခဲ့ပါသည်။
စာကြည့်တိုက် လုပ်ဆောင်ချက်များ
(၁) စာအုပ် ၊ စာစောင်အသစ်များ လစဉ်ဖြည့်တင်းပေးခြင်း ။
(၂) ဒေသတွင်း စာကြည့်တိုက်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း ။
(၃) ရပ်ကွက်များအတွင်း စာဖတ်အသင်းများ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးခြင်း ။
(၄) အဖွဲ့ ၏ လစဉ်အစည်းအဝေးများနှင့် အရေးပေါ်အစည်းအဝေးများအား လက်ခံဆောင်ရွက်ပေးခြင်း။
(၅) ဒေသတွင်း လူမှု့ အဖွဲ့ အစည်းများ၏ အစည်းအဝေးများအား လက်ခံပြုလုပ်ပေးခြင်း နှင့်
(၆) စာဖတ်အသင်းဝင်များတိုးပွားရေး ရပ်ကွက်များအလိုက် စည်းရုံးလုပ်ဆောင်ခြင်းများအား ဆောင်ရွက်လျက်ရှိပါသည်။
စာကြည့်တိုက် လှူပ်ရှားမှု မှတ်တမ်းများ
![]() |
ဆရာတော်အရှင်ဇ၀န -စာကြည့်တိုက် ကြွရောက်စဉ်က အမှတ်တရ |
| ||
ဘာသာရေးစာအုပ်များအား စိတ်ဝင်တစားဖတ်ရှု့ လေ့လာနေသော လူငယ်များ |
စာကြည့်တိုက်အတွင်း ပိုင်းတစ်နေရာ |
အပတ်စဉ်ထုတ်စာစောင်များအား စိတ်ဝင်တစားဖတ်ရှု့ နေသောလူငယ်တစ်ဦး |
ဘာသာရေး ၊ သမိုင်း ၊ သုတ စာအုပ်များ |
ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့  (ရနောင်း) စာကြည့်တိုက် လိုအပ်ချက်များ ပြုပြင်ခြင်း
ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့ (ရနောင်း) စာကြည့်တိုက် အတွင်း လိုအပ်လျှက်ရှိသော စာအုပ်စင်အသစ်များနှင့် စာအုပ်အသစ်များအား ၂၂ရက် ၉လ ၂၀၁၁ နေ့ တွင် ၀ယ်ယူဖြည့်တင်းခဲ့ ကြောင်း သတင်းရရှိပါသည် ။ စာကြည့်တိုက်တွင်းပြင်ဆင်မှု များနှင့် ပက်သက်ပြီး အသင်း ဥက္ကဌ ကိုဟိန်းထက်အောင်မှ " စာကြည့်တိုက်တခုမှာ လိုအပ်တဲ့  စာအုပ်စင် ၊ စာအုပ်များကို ၀ယ်ယူဖြည့်တင်းခြင်းဖြစ်ကြောင်း ၊ အသစ်ဝယ်ယူဖြည့်တင်းခဲ့ သော စာအုပ်များမှာ သမိုင်းစာအုပ်များ ၊ ဘာသာရေး ၊ သုတစာအုပ်ရေ ၁၀၀ နီးပါး ဖြစ်ပြီး ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်)မှ စာအုပ်ရေ ၃၄ အုပ်လှူဒါန်းလိုက်ကြောင်း နှင့် လိုအပ်ချက်များ ကို အခါအားလျော်စွား ပြင်ဆင်ပြုလုပ်သွားမည်ဖြစ်ကြောင်း " ရှင်းလင်းပြောကြားသွားခဲ့ သည်။ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့ (ရနောင်း)စာကြည့်တိုက်တွင်
ဘာသာရေး ၊ သမိုင်း ၊ သုတ ၊ ရသ ၊ ကျန်းမာရေးဆိုင်ရာစာအုပ်စာစောင်များ ၊ လူ့ အခွင့်အရေးဆိုင်ရာ စာအုပ်များ ၊ ၀ထ္ထူ ၊ မဂ္ဂဇင်း ၊ အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်များ စသည်ဖြင့် စာအုပ် ၊ စာစောင် အရေအတွက် ၁၄၀၀ ကျော် ရှိပြီဖြစ်သည်။ စာကြည့်တိုက်သည် ဒေသတွင်း လူငယ်အများစု နှင့် စာပေဗဟုသုတ တိုးပွားလိုသော လူကြီးများ အတွက် အမှန်တကယ် အဖိုးထိုက်တန်သော နေရာ တနေရာဖြစ် ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment