ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့(ရနောင်းမြို့)သက်ကြီးရွယ်အိုစောင့်ရှောက်မှုအသင်း၏ရည်ရွယ်ချက်
မိသားစုစောင့်ရှောက်မှုမရှိသောသက်ကြီးရွယ်အိုများ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသော သက်ကြီးရွယ်အိုများ နှင့် အစာအဟာရချို့တဲ့လိုအပ်လျက်ရှိသောသက်ကြီးရွယ်အိုများ အားကူညီစောင့်ရှောက်မှု များပေးနိုင်ရန် ရည်ရွယ်၍ အဖွဲ့ကြီး၏လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါသည်။
သက်ကြီးရွယ်အိုစောင့်ရှောက်မှုအသင်းမှ လှုပ်ဆောင်ချက်များ
(၁)လစဉ် စောင့်ရှောက်မှုပေးလျက်ရှိသော သက်ကြီးရွယ်အိုဦးရေ .......... (၁၂)ဦး
(၂) ကူညီစောင့်ရှောက်မှုလိုအပ်လျက်ရှိသောအဖိုးအဖွား အများစုမှာ.......
(က) မိသားစုမရှိသူအဖိုးအဖွား ဦးရေ(၃)ဦး
(ခ) ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လျက်ရှိသူ (၇)ဦး
(ဂ) အသက်အရွယ်ကြီးရင့်ပြီးဂါရဝပြုထိုက်သူ (၂)ဦး မှတ်ချက်။ အသက်(၉၅)နှစ် အထက်
(၃) ကူညီစောင့်ရှောက်မှုပေးလျက်ရှိသောအစီအစဉ်များ
(က) အဖွဲ့ဝင်များမှ အဖိုးအဖွားများနေအိမ်များသို့တစ်ပတ်တစ်ခါသွားရောက်၍အားပေးစကား
များပြောကြားခြင်း။
(ခ) အဖိုးအဖွားများလိုအပ်လျက်ရှိသောအစာအဟာရပစ္စည်းများ၊ ဆေးဝါးများနှင့်
အခြားအသုံးအဆောင်ပစ္စည်းများအားသွားရောက်လှူဒါန်းခြင်း။
(ဂ) အဖိုးအဖွားများ၏ချို့တဲ့မိသားစုများအတွက် ဆန်၊ဆီ၊ဆေး၊ဆား စသည့်လိုအပ်ချက်များ
ဖြည့်ဆည်းပေးခြင်း။
(ဃ) ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လျက်ရှိသောအဖိုးအဖွားများအား အခါအားလျော်စွာ
ဆေးရုံ၊ဆေးခန်းများပို့ပေး၍ဆေးဝါးကုသမှုများခံယူစေခြင်း။
(င) အဖိုးအဖွားများနေထိုင်ရာ ပတ်ဝန်းကျင်မှ စေတနာရှင်လူပုဂ္ဂိုလ်များအား အဖိုးအဖွားစောင့်ရှောက်
မှု လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်းဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်လုပ်ဆောင်
ခြင်း နှင့်
(စ) နှစ်စဉ်နှစ်တိုင်းအသက်ကြီးအရွယ်အိုအဖိုးအဖွားများအား သက်ကြီးပူဇော်ပွဲများကျင်းပပေးခြင်း
များကိုပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
(စ) နှစ်စဉ်နှစ်တိုင်းအသက်ကြီးအရွယ်အိုအဖိုးအဖွားများအား သက်ကြီးပူဇော်ပွဲများကျင်းပပေးခြင်း
များကိုပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
သက်ကြီးရွယ်အိုစောင့်ရှောက်မှုအသင်း၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ
ယုယုယယထမင်းကျွှေးနေသော အသင်းသား |
သက်ကြီးပူဇော်ပွဲ -အဘိုးအဖွားများအား လှိုက်လှဲ ပျူဌာစွာ ကြိုဆိုနေသော လူငယ်များ |
![]() |
အဘိုးအဖွားများအား တစ်နှစ်တကြိမ် ဂါရ၀ပြုနေသော လူငယ်များ |
![]() |
မိသားစုစောက်ရှောက်မှုမရှိသော အဘိုးအားလိုအပ်သောအကူအညီများပေးနေသော လူငယ်တစ်ဦး |
ရောဂါသည် အဘိုးအား ဆေးခန်းသို့ ပို့ ပေးရန် ပြင်ဆင်နေကြသောလူငယ်များ |
![]() |
လိုအပ်သော အကူအညီများအား လှူဒါန်းနေပုံ |
![]() |
လိုအပ်သော အကူအညီများအား လှူဒါန်းနေပုံ |
![]() |
လိုအပ်သော အကူအညီများအား လှူဒါန်းနေပုံ |
![]() |
လိုအပ်သော အကူအညီများအား လှူဒါန်းနေပုံ |
![]() |
အသက်၉၉နှစ်အရွယ်ရှိ အဖွားမှ သက်ကြီးပူဇော်ပွဲ့ အားတက်ရောက်လာပုံ |
0 comments:
Post a Comment