ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့(ရနောင်း) သွေးအလှူရှင်အသင်း၏ရည်ရွယ်ချက်
အသက်အန္တာရာယ်အရ အရေးပေါ်သွေးလိုအပ်လျက်ရှိသောမြန်မာရွှေ့ပြောင်းအလုပ်သမားများနဲ့
ထိုင်းနိုင်ငံသားများအား သွေးများလှူဒါန်းနိုင်ရန် ရည်ရွယ်၍ ပရဟိတစေတနာ့လူငယ်အားမာန်အဖွဲ့၏
လုပ်ငန်းစဉ်တစ်ခုအဖြစ်သတ်မှတ်၍ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါသည်။
သွေးအလှူရှင်အသင်း၏လုပ်ဆောင်ချက်များ
(၁)၁၂/၈/၂၀၁၁ ရက်နေ့တွင် (၈)ကြိမ်မြောက်သွေးလှူဒါန်းမှုအားပြုလုပ်နိုင်ခဲ့သည်။
(၂) သွေးအထုပ်ရေ (၁၁၄) ထုပ်အား လှူဒါန်းနိုင်ခဲ့ပြီးဖြစ်သည်။
(၃) ရနောင်းခရိုင်ပြည်သူ့ဆေးရုံကြီးသွေးအလှူခံဌာနတွင်တစ်လတစ်ကြိမ်
ပုံမှန်သွေးသွားရောက်လှူဒါန်းခြင်း။
(၄) ရနောင်းခရိုင်ပြည်သူ့ဆေးရုံကြီးနှင့်ခရိုင်ကြက်ခြေနီအဖွဲ့တို့မှ ဦးစီးပြုလုပ်သော
လူမှုအကျိုးပြုလုပ်ငန်းများတွင်ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း ။
(၅) ရနောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင်ဆေးဝါးကုသမှုခံယူလျက်ရှိသောမြန်မာရွေ့
ပြောင်းအလုပ်သမားများအား ဆေးဝါးကုသမှုစရိတ်များကူညီထောက်ပံ့ပေးခြင်း
(မှတ်ချက်) လိုအပ်ချက်အခက်အခဲများပေါ်မူတည်၍ကူညီဆောင်ရွက်ပေးခြင်း နှင့်
(၆)သွေးအလှူရှင်အသင်းဝင်များတိုးပွားရေးအတွက်မြန်မာရွေ့ပြောင်းအလုပ်သမား
များအကြားစည်းရုံးလုပ်ဆောင်ခြင်း များအားလုပ်ဆောင်လျက်ရှိသည်။
သွေးအလှူရှင်အသင်း လှူပ်ရှားမှုဓါတ်ပုံများ
သွေးအလှူရှင်အသင်း လှူပ်ရှားမှုဓါတ်ပုံများ
![]() |
သွေးအလှူရှင်အသင်းမှ (၈)ကြိမ်မြောက်သွေးလှူဒါန်းစဉ်အမှတ်တရ |
![]() |
ရနောင်းဆေးရုံကြီးရှေ့ အမှတ်တရ |
ဆေးရုံဝန်ထမ်း ၊ ကြက်ခြေနီအဖွဲ့ မှ တာဝန်ရှိသူများနှင့် အမှတ်တရ |
သွေးလှူဒါန်းသူများ ကိုယ်ရေးအချက်အလက်များ ဖြည့်နေစဉ် |
ပျော်ရွင်စွာသွေးလှူဒါန်းနေသော အသင်းသားတစ်ဦး |
သွေးအားပြည့် ၊ မပြည့် စမ်းသပ်ခံနေပုံ |
စုပေါင်းသွေးလှူဒါန်းမှု ပြုနေသော အသင်းဝင်များ |
ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူများမှ ဂုတ်ပြုရင်ထိုးများဖြင့် ဂုတ်ပြုစဉ် |
0 comments:
Post a Comment