Friday, October 21, 2011

အစည်းအဝေးတက်ရောက်ခြင်း

    ဖန်ငါးခရိုင်၊ဘန်းနံယန်းရပ်ကွက် orchid ဟိုတယ်တွင် MAP ဖေါင်ဒေးရှင်းအဖွဲ့မှ ကြီးမှူးကျင်းပသော အမှုလွှဲပြောင်းခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား 9/10/2011 ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဒေသအတွင်း လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသော NGOအဖွဲ့များ၊ CBO ကိုယ်ထူကိုယ်ထ အဖွဲ့ပေါင်း(၁၃)ဖွဲတက်ရောက်ကာ ရနောင်းမြို့မှ ပရဟိတစေတနာ့ လူငယ်အားမာန်အဖွဲ့ဥက္ကဌဖြစ်သူ ကိုဟိန်းထက် ၊ ဒုဥက္ကဌ ကိုမောင် ၊ မိတ္တသဟရနာရေးကူညီမှုအသင်း ဥက္ကဌ ကိုသားကျော် တိုတက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပရဟိတစေတနာ့ လူငယ်အားမာန်အဖွဲ့ ဥက္ကဌ ဖြစ်သူ ကိုဟိန်းထက်မှ " ဒေသတွင် NGO ၊ CBO အဖွဲ့ တွေနဲ့ တွေ့ ဆုံခွင့် ရခဲ့ တယ် ၊ သူ တို့ နယ်မြေဒေသအလိုက် အခက်အခဲ့ ၊ အတွေ့ အကြုံလေးတွေ သိရှိနှီးနှော ဖလှယ်ခွင့်ရသလို ကိုယ်ဒေသရဲ့ အခြေအနေမှန်တွေကို လည်းဆွေးနွေးခွင့် ရခဲ့ တယ်ဆိုတော့ အားလုံးအတွက် အင်မတန်မှကောင်းမွန်တဲ့  အတွေ့ အကြုံ အသစ်တွေ ရသွားမယ်လို့ မျော်လင့်တယ် ၊ နောက်တခုက ဒေသတွင်း ကြုံတွေ့ နေရတဲ့ အခက်ခဲ့ (၁၁) ခုကိုလည်း ဘယ်လို ပူးပေါင်းလုပ်ဆောင်သွားကြမလဲ ဆိုတာကို ညိနှိုင်းအဖြေရှာနိုင်ခဲ့ တာက ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့ အောင်မြင်မှု တခုလို့ယုံကြည်တယ်"ဟု ဆွေးနွေးပွဲ့ အတွေ့ အကြုံများအား ရှင်းလင်းပြောကြား သွားခဲ့ပါသည်။


ရနောင်းသို့ အရှင်ဇ၀န ခရီးစဉ်

(၂-၁၀-၂၀၁၁) ရက်နေ့တွင် 
အရှင်ဇဝန(မေတ္တာရှင်ရွှေပြည်သာ) ရနောင်း မြို့သို့ ကြွရောက် လာပါသည်။ ကျွန်နော်တို့အဖွဲ့မှ သွားရောက်ကြိုဆို ကြပြီးအဖွဲ့မှ ကြည့်ရှုစောင့်ရှောက်လျက်ရှိသည့် (ဇရာ၏နှိပ်စက်ခြင်း တို့ နှင့် ရောဂါနှိပ်စက်ခြင်း၊  ရောဂါဝေဒနာတို့၏ မင်းမူခြင်းကို ခံစားနေ ရသော) အဖိုးအို၊ အဖွားအိုများအား သွားရောက် ခေါ်ဆောင် လာကြပြီး ပြုစုယုယကျွေးမွေးကြ၍ အရှင်ဇဝန၏ တရားတော်များကို နာကြား စေခဲ့ပြီး အလှုဖွယ်ပစ္စည်းများ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းစေခဲ့ပါသည်။ထို့နောက် အသင်း၏နယကဖြစ်သော ဒေါ်အုံးမှ အဖိုးအိုအဖွားအိုများအား အလှူ ပစ္စည်းများအား ပြန်လည်၍ လှူဒါန်းခဲ့ပါသည်။ 
          ဤကဲ့သို့ အရှင်ဇဝန၏ တရားတော်ကို အဖိုးအဖွားများနဲ့အတူ တရားတော်ကို နာကြားကြ၍ သဗ္ဗေသတ္တာ အပေါင်းတို့အား အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် အဖိုးအိုအဖွားအိုများ အားပြန်လည် ပို့ဆောင်ခဲ့ကြပြီး ဆရာတော်မှ ကျွန်နော်တို့၏ စာကြည့်တိုက်သို့ ကြွရောက်တော်မူ၍ သြဝါဒစကားမိန့် ကြားတော်မူသည်။ ဆရာတော်၏ သြဝါဒစကားများမှာ "လူဟူ၍ဖြစ်လာခဲ့လျှင် စာများများဖတ်ရန် လိုအပ်ကြောင်း အသိပညာများစွာနှင့် ဗဟုသုတများစွာတို့သည်စာ၌ ပင်ရှိကြောင်း ပရဟိတလုပ်ငန်း ဆိုသည်မှာလည်း လူတိုင်းမလုပ်နိုင်ကြောင်း ထိုထက်ပို၍ ကြိုးစားပြီး တက်ညီလက်ညီ လုပ်ဆောင်ရန် လိုအပ်ကြောင်း မည်သည့်အရာမဆို အမြဲသည်ဟူ၍ မရှိသောကြောင့် အနာဂတ်အတွက် ကြိုးစား၍ လုပ်ကိုင်သင့်ကြောင်း စသည်ဖြင့် မှာကြားခဲ့ပြီး ကော့သောင်းသို့ ပြန်လည်ကြွချီတော်မူ သွားပါသည်။



























သုမင်္ဂလာဖေါင်ဒေးရှင်းဆွေးနွေးပွဲသို့တက်ရောက်ခြင်း

  • ဆရာတော်ဦးသုမင်္ဂလ(ဒယ်အိုး)မှ ကြီးမှုးကျင်းပ ပြုလုပ်သော သုမင်္ဂလာဖေါင်ဒေးရှင်း တည်ထောင်ရန်နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ ပရဟိတ အသင်းများ နှီးနှောဖလှယ်ပွဲအား 2/3/4 ရက် 9လပိုင်း 2011 ခုနှစ်တွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာ ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ရာ ပရဟိတ စေတနာ့ လူငယ်အားမာန်အဖွဲ့(ရနောင်း)မှ ကိုဟိန်းထက်အောင်(ဥက္ကဌ)နှင့် ဒုဥက္ကဌဖြစ်သူ ကိုဖြိုးတို့ တက်ရောက် ခဲ့ကြပါသည်။
  • ဆွေးနွေးပွဲ တက်ရောက်ခဲ့သော အတွေ့အကြုံများအား ဥက္ကဌ ကိုဟိန်းထက်အောင်မှ ရှင်းလင်းပြောကြားရာတွင် " ဒီလိုကြီးကျယ်ခမ်းနား လှသော အခမ်းအနားကြီးနှင့် ပရဟိတအသင်း အဖွဲ့များစွာတို့မှ ကိုယ်စလှယ် မြောက်များစွာ တွေ့ရှိခဲ့ရ၍ ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ မိမိတို့နိုင်ငံ၊ လူမျိုး၊ဘာသာတွင် လိုအပ်လျှက်ရှိသော ခုလိုမျိုး ဗုဒ္ဓဘာသာဆိုင်ရာ အသင်းအဖွဲ့ကြီးတစ်ခု တည်ထောင်နိုင်ခဲ့၍ များစွာ အားရဝမ်းသာကြောင်း၊ ခုလိုမျိုး နိုင်ငံ၊ လူမျိုး၊ ဘာသာတွင် လိုအပ်လျှက်ရှိသော အသင်းဖွဲ့ကြီး တစ်ခုကို တည်ထောင်ရန် စတင်ကြိုးစား လုပ်ဆောင်ခဲ့သော ဆရာတော်ဦးသုမင်္ဂအား များစွာ ကြည်ညို ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း နှင့် တစ်နိုင်ငံလုံးမှ ပရဟိတအသင်း/ အဖွဲ့ပေါင်းမြောက်များစွာနှင့် ဆရာတော်အရှင်ဇဝန(မေတ္တာရှင်) တို့ဖြင့် တစိနိုင်ငံလုံးဆိုင်ရာ ပရဟိတ အသင်းအဖွဲ့များ၏ လိုအပ်ချက် အားနည်းချက်များ မိမိတို့ အသင်းအဖွဲ့၏ ဆက်လက် လုပ်ကိုင်မည့် လုပ်ငန်းစဉ်များအား ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သဖြင့် များစွာ အားရဝမ်းမြောက်မိပါကြောင်း " ရှင်းလင်းပြောကြား သွားပါသည်။



အသင်း၏ ဖွဲ့ စည်းပုံ

ပရဟိတ စေတနာ့လူငယ်အားမာန်အဖွဲ့ (ရနောင်းမြို့) ဖွဲ့စည်းပုံ

၁။
ပဓာန - နာယက ဆရာတော်


အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ
၂။
နာယက


ဒေါ်အုန်း (ရနောင်း ပုလဲ Company)
၃။
ဥက္ကဌ


မောင်ဟိန်းထက် (ခ)သူရစိုး
၎။
ဒု -ဥက္ကဌ 


(က) ကိုမောင်


( ခ) မောင်ပြည့်ဖြိုးအောင်
၅။
အတွင်းရေးမှူး


(က) မောင်ပြည်စိုး


( ခ) မနီ
၆။
ငွေကိုင်နှင့်စာရင်းကိုင်


မသီတာအေး
၇။
စာရင်းစစ်


မသွယ်သွယ်ဦး
၈။
သက်ကြီးရွယ်အို စောင့်ရှောက်မှု့အသင်း တာဝန်ခံ


(က) မောင်ဝဏ္ဏစိုး


( ခ) မောင်စိုးကျော်
၁၀။
သွေးအလှူရှင်အသင်း တာဝန်ခံ


(က) မောင်ဝင်းနိုင်


( ခ) မအေး
၁၁။
ဝတ်ရွတ်အသင်း တာဝန်ခံ


(က) မကြည်ပြာစိုး


( ခ) မလင်း
၁၂။
သတင်းပြန်ကြားရေး တာဝန်ခံ


မောင်အောင်မျိုးဦး

အသင်း၏ရည်ရွယ်ချက်

အောက်ပါ ရည်ရွယ်ချက်များဖြင့် ရနောင်းပရဟိတအသင်းအား တည်ထောင်ထားပါသည်။

  • မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြား ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် ဘာသာရေး ကဏ္ဍများ တွင် တတ်နိုင် သလောက် ပါဝင်ကူညီ လှူဒါန်းနိုင်ရန်။
  • မြန်မာရွှေ့ပြောင်း အလုပ်သမားများ အကြား ကျား/မ၊ လူမျိုး၊ ဘာသာနှင့် အဆင့်အတန်း မခွဲခြားဘဲ လိုအပ်သော အကူညီများပေးနိုင်ရန်၊
  • မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်များအကြား အချင်းချင်း စည်းလုံးညီညွတ်မှုရှိရန် ရည်ရွယ်ချက် များဖြင့်(၂၇-၉-၂၀၀၉) တွင် စတင်ဖွဲ့စည်း လုပ်ဆောင်ခဲ့ပါသည်။
 
အသေးစိတ် ထပ်မံဖြည့်စွက်ပါဦးမည်..