Friday, October 21, 2011

အစည်းအဝေးတက်ရောက်ခြင်း

    ဖန်ငါးခရိုင်၊ဘန်းနံယန်းရပ်ကွက် orchid ဟိုတယ်တွင် MAP ဖေါင်ဒေးရှင်းအဖွဲ့မှ ကြီးမှူးကျင်းပသော အမှုလွှဲပြောင်းခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား 9/10/2011 ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဒေသအတွင်း လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသော NGOအဖွဲ့များ၊ CBO ကိုယ်ထူကိုယ်ထ အဖွဲ့ပေါင်း(၁၃)ဖွဲတက်ရောက်ကာ ရနောင်းမြို့မှ ပရဟိတစေတနာ့ လူငယ်အားမာန်အဖွဲ့ဥက္ကဌဖြစ်သူ ကိုဟိန်းထက် ၊ ဒုဥက္ကဌ ကိုမောင် ၊ မိတ္တသဟရနာရေးကူညီမှုအသင်း ဥက္ကဌ ကိုသားကျော် တိုတက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပရဟိတစေတနာ့ လူငယ်အားမာန်အဖွဲ့ ဥက္ကဌ ဖြစ်သူ ကိုဟိန်းထက်မှ " ဒေသတွင် NGO ၊ CBO အဖွဲ့ တွေနဲ့ တွေ့ ဆုံခွင့် ရခဲ့ တယ် ၊ သူ တို့ နယ်မြေဒေသအလိုက် အခက်အခဲ့ ၊ အတွေ့ အကြုံလေးတွေ သိရှိနှီးနှော ဖလှယ်ခွင့်ရသလို ကိုယ်ဒေသရဲ့ အခြေအနေမှန်တွေကို လည်းဆွေးနွေးခွင့် ရခဲ့ တယ်ဆိုတော့ အားလုံးအတွက် အင်မတန်မှကောင်းမွန်တဲ့  အတွေ့ အကြုံ အသစ်တွေ ရသွားမယ်လို့ မျော်လင့်တယ် ၊ နောက်တခုက ဒေသတွင်း ကြုံတွေ့ နေရတဲ့ အခက်ခဲ့ (၁၁) ခုကိုလည်း ဘယ်လို ပူးပေါင်းလုပ်ဆောင်သွားကြမလဲ ဆိုတာကို ညိနှိုင်းအဖြေရှာနိုင်ခဲ့ တာက ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့ အောင်မြင်မှု တခုလို့ယုံကြည်တယ်"ဟု ဆွေးနွေးပွဲ့ အတွေ့ အကြုံများအား ရှင်းလင်းပြောကြား သွားခဲ့ပါသည်။


0 comments:

Post a Comment

 
အသေးစိတ် ထပ်မံဖြည့်စွက်ပါဦးမည်..