Friday, October 21, 2011

သုမင်္ဂလာဖေါင်ဒေးရှင်းဆွေးနွေးပွဲသို့တက်ရောက်ခြင်း

  • ဆရာတော်ဦးသုမင်္ဂလ(ဒယ်အိုး)မှ ကြီးမှုးကျင်းပ ပြုလုပ်သော သုမင်္ဂလာဖေါင်ဒေးရှင်း တည်ထောင်ရန်နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ ပရဟိတ အသင်းများ နှီးနှောဖလှယ်ပွဲအား 2/3/4 ရက် 9လပိုင်း 2011 ခုနှစ်တွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာ ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ရာ ပရဟိတ စေတနာ့ လူငယ်အားမာန်အဖွဲ့(ရနောင်း)မှ ကိုဟိန်းထက်အောင်(ဥက္ကဌ)နှင့် ဒုဥက္ကဌဖြစ်သူ ကိုဖြိုးတို့ တက်ရောက် ခဲ့ကြပါသည်။
  • ဆွေးနွေးပွဲ တက်ရောက်ခဲ့သော အတွေ့အကြုံများအား ဥက္ကဌ ကိုဟိန်းထက်အောင်မှ ရှင်းလင်းပြောကြားရာတွင် " ဒီလိုကြီးကျယ်ခမ်းနား လှသော အခမ်းအနားကြီးနှင့် ပရဟိတအသင်း အဖွဲ့များစွာတို့မှ ကိုယ်စလှယ် မြောက်များစွာ တွေ့ရှိခဲ့ရ၍ ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ မိမိတို့နိုင်ငံ၊ လူမျိုး၊ဘာသာတွင် လိုအပ်လျှက်ရှိသော ခုလိုမျိုး ဗုဒ္ဓဘာသာဆိုင်ရာ အသင်းအဖွဲ့ကြီးတစ်ခု တည်ထောင်နိုင်ခဲ့၍ များစွာ အားရဝမ်းသာကြောင်း၊ ခုလိုမျိုး နိုင်ငံ၊ လူမျိုး၊ ဘာသာတွင် လိုအပ်လျှက်ရှိသော အသင်းဖွဲ့ကြီး တစ်ခုကို တည်ထောင်ရန် စတင်ကြိုးစား လုပ်ဆောင်ခဲ့သော ဆရာတော်ဦးသုမင်္ဂအား များစွာ ကြည်ညို ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း နှင့် တစ်နိုင်ငံလုံးမှ ပရဟိတအသင်း/ အဖွဲ့ပေါင်းမြောက်များစွာနှင့် ဆရာတော်အရှင်ဇဝန(မေတ္တာရှင်) တို့ဖြင့် တစိနိုင်ငံလုံးဆိုင်ရာ ပရဟိတ အသင်းအဖွဲ့များ၏ လိုအပ်ချက် အားနည်းချက်များ မိမိတို့ အသင်းအဖွဲ့၏ ဆက်လက် လုပ်ကိုင်မည့် လုပ်ငန်းစဉ်များအား ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သဖြင့် များစွာ အားရဝမ်းမြောက်မိပါကြောင်း " ရှင်းလင်းပြောကြား သွားပါသည်။



0 comments:

Post a Comment

 
အသေးစိတ် ထပ်မံဖြည့်စွက်ပါဦးမည်..