Friday, October 21, 2011

ရနောင်းသို့ အရှင်ဇ၀န ခရီးစဉ်

(၂-၁၀-၂၀၁၁) ရက်နေ့တွင် 
အရှင်ဇဝန(မေတ္တာရှင်ရွှေပြည်သာ) ရနောင်း မြို့သို့ ကြွရောက် လာပါသည်။ ကျွန်နော်တို့အဖွဲ့မှ သွားရောက်ကြိုဆို ကြပြီးအဖွဲ့မှ ကြည့်ရှုစောင့်ရှောက်လျက်ရှိသည့် (ဇရာ၏နှိပ်စက်ခြင်း တို့ နှင့် ရောဂါနှိပ်စက်ခြင်း၊  ရောဂါဝေဒနာတို့၏ မင်းမူခြင်းကို ခံစားနေ ရသော) အဖိုးအို၊ အဖွားအိုများအား သွားရောက် ခေါ်ဆောင် လာကြပြီး ပြုစုယုယကျွေးမွေးကြ၍ အရှင်ဇဝန၏ တရားတော်များကို နာကြား စေခဲ့ပြီး အလှုဖွယ်ပစ္စည်းများ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းစေခဲ့ပါသည်။ထို့နောက် အသင်း၏နယကဖြစ်သော ဒေါ်အုံးမှ အဖိုးအိုအဖွားအိုများအား အလှူ ပစ္စည်းများအား ပြန်လည်၍ လှူဒါန်းခဲ့ပါသည်။ 
          ဤကဲ့သို့ အရှင်ဇဝန၏ တရားတော်ကို အဖိုးအဖွားများနဲ့အတူ တရားတော်ကို နာကြားကြ၍ သဗ္ဗေသတ္တာ အပေါင်းတို့အား အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် အဖိုးအိုအဖွားအိုများ အားပြန်လည် ပို့ဆောင်ခဲ့ကြပြီး ဆရာတော်မှ ကျွန်နော်တို့၏ စာကြည့်တိုက်သို့ ကြွရောက်တော်မူ၍ သြဝါဒစကားမိန့် ကြားတော်မူသည်။ ဆရာတော်၏ သြဝါဒစကားများမှာ "လူဟူ၍ဖြစ်လာခဲ့လျှင် စာများများဖတ်ရန် လိုအပ်ကြောင်း အသိပညာများစွာနှင့် ဗဟုသုတများစွာတို့သည်စာ၌ ပင်ရှိကြောင်း ပရဟိတလုပ်ငန်း ဆိုသည်မှာလည်း လူတိုင်းမလုပ်နိုင်ကြောင်း ထိုထက်ပို၍ ကြိုးစားပြီး တက်ညီလက်ညီ လုပ်ဆောင်ရန် လိုအပ်ကြောင်း မည်သည့်အရာမဆို အမြဲသည်ဟူ၍ မရှိသောကြောင့် အနာဂတ်အတွက် ကြိုးစား၍ လုပ်ကိုင်သင့်ကြောင်း စသည်ဖြင့် မှာကြားခဲ့ပြီး ကော့သောင်းသို့ ပြန်လည်ကြွချီတော်မူ သွားပါသည်။



























0 comments:

Post a Comment

 
အသေးစိတ် ထပ်မံဖြည့်စွက်ပါဦးမည်..